ရှာဖွေရန်

Untitled 1

Friday, October 5, 2012

ဆင်းရဲတွင်း



"ဆင်းရဲတွင်း"

ရွှေထီးတွေလည်းမဆောင်းခဲ့ပါဘူး။
သူများတွေလိုလောက်သာ…နေခဲ့တာပါ။
ဘယ့်နှယ့်…ခုတော့…သူတို့ လိုတောင်မနေရလောက်အောင်
အနက်ဆုံးထိ...ဆွဲချနေပါပေါ့လား လောကရယ်။

ဝဋ်တွေပဲလည်နေတာလား။ ငရဲငရာတွေများ ကြီးနေရော့သလား။
အောင်မြင်ခြင်းနတ္တိ၊ ပျော်ရွှင်ခြင်းနတ္တိ၊
ဂုဏ်ယူစရာမရှိ ၊ပြောင်ပြောင်ရောင်ရောင်မရှိ၊
ပြစရာ...မျက်နာာ..ဃိုလ် .. မရှိ။

(ဤသို့ နှယ်…လူနှစ်ယောက်…ဆင်းရဲတွင်းသို့ 
ခုန်ဆင်းခဲ့ကြလေသတည်း။ ။)